
အချစ်ဆိုတာ
အချိုနည်းနည်း အခါးများများရောစပ်
Espresso ကဖေးတစ်ခွက် …။
အချစ်ဆိုတာ
နို့တစ်ကရား သကြားများများရောယှက်
Brew ကဖေးတစ်ခွက် …။
အချစ်ဆိုတာ
အသည်းပုံဖော် စိမ့်သက်သက်အရသာစွဲမက်
Cuppaccino ကဖေးတစ်ခွက် …။
အချစ်ဆိုတာ
ချောကလက်မက ကော်ဖီမကျတဲ့ဘက်
Mocha ကဖေးတစ်ခွက် …။
အချစ်ဆိုတာ
ချိုမြိန်ခါးသက် နှစ်ဖက်မျှရခက်
Latte ကဖေးတစ်ခွက် …။
အချစ်ဆိုတာ
ကြိုက်တတ်ရင် အလွယ်သောက်
ရေနွေးရှိရုံလောက်နဲ့ အဆင်ပြေတဲ့
3 in 1 ကဖေးတစ်ခွက် … …။

Post a Comment