
ဟိုရှေးငယ် သံသရာက
မကွာဆုထူး
ပန်ဆင်ခဲ့ဖူးရော့သလား
ရေစက်ကယ်ဖန်
ဆုံစည်းမယ် ကြံပြန်တော့လဲ
စီစဉ်ပုံဝေးတယ်လေး
ဆွေးစေဖို့ဖန်။
မမေ့နိုင် စွဲပါပေ့
တွေ့နိုးရယ် အသွယ်သွယ်မှန်း
တမျှော်မျှော် ပန်းလှပေါ့
နွမ်းခွေလျထိုင်
တရားလက်ကိုင်
ဖြေနိုင်ရယ် ခက်တယ်လေး
ပင့်သက်ချမှိုင်။
မေတ္တာထားမိပြန်ပေါ့
နောက်များမှာ
မာယာဉာဏ်နှင့်
မူဟန်တော် မလွှဲပါလင့်
ချစ်တော်မူဆဲဟာမို့
တမင်ကို တ တယ်လေး
အားငယ်လှပြန်။
My Memorial Day at 25th Oct 2009
I love you my buddy!

ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ။
ရှေးစာဆိုတွေ လက်ရာတွေလိုပဲ။
ကဗျာလေး တော်တော်လှတယ်ဗျ ရေးထားတာ
ညီမလေးရေ...ကဗျာလေးကကောင်းလိုက်တာ
ဟဲဟဲ..ကဗျာလေးက တညိုးလေးနော်..