ရင်မှာမြတ်နိုး
တိတ်တခိုးမို့
သူ သိအောင်လဲ မပြောချင်။
မျှော်လင့်ခြင်းမဲ့
ပေးဆပ်မှုနဲ့
အတုံ့အလှည့်လဲ မလိုချင်။
ဆုံရန်ခက်ခဲ
ဝေးနေဆဲမို့
တမ်းတပြီးလဲ မငိုချင်။
လွန်ခဲ့အတိတ်
အရိပ်ပမာ ထပ်ခြပ်လိုက်ဆဲ
တွေးလိုက်တိုင်းမြင်
ပုံရိပ်ထင်သည်
မေ့ပစ်ဖို့ရာ…မစွမ်းသာ။
ပြန်လာမည်လား…
ခြေသံများနဲ့
ညဥ့်ယံတိုင်းမှာ…တရေးနိုးသည်… …
ပျောက်ရှသွားခဲ့…အိပ်မက်များနဲ့
ရောင်နီဦးမှာ…သူ ပေါ်မလာ
မျှော်သူ့ရင်မှာ မောရသည်။
ဖြူရေ...
သိမ်မွေ့၊ လွမ်းမောစရာကောင်းတဲ့ ကဗျာလေးကို..ခံစားသွားတယ်ခင်ဗျ...။
ခင်မင်တတ်တဲ့
ဏီလင်းညို
ကြိုက်တယ်ဗျ။
ညဥ့်ယံတိုင်းမှာ…တရေးနိုးသည်… …
ပျောက်ရှသွားခဲ့…အိပ်မက်များနဲ့
ရောင်နီဦးမှာ…သူ ပေါ်မလာ
မျှော်သူ့ရင်မှာ မောရသည်။
အိပ်မက်ထဲမှာ ဆုံစည်းရတာနဲ့တင် ကျေနပ်နေရသူပါ။