ဝန်ခံခြင်းများ




တကယ်ဆို …
ငါ လိုတာ တစ်ခုထဲပါ… …
အဖြူစင်ဆုံး နှောင်တွယ်ချင်နေမိတဲ့
သူ့ရင်ထဲက သံယောဇဉ်ကြိုးတစ်မျှင် ရဲ့ 
တယုတယ ရစ်ဖွဲ့ မှုကို … …
တစ်ရှိုက်မက်မက် ပိုင်ဆိုင်ခွင့်လေးတစ်ခု… …
ဒါတစ်ခုကိုပဲ မျှော်လင့်ချက်ထားခဲ့တယ် …။

တကယ်ဆို …
ငါ နှောင်တွယ်ခဲ့တာ ကြာပြီပဲ … …
ရိုးစင်းတဲ့ သူ့ စကားသံကို
နွေးထွေးစွာ ကြားလိုက်ရထဲက
ငါ သိလိုက်ပါပြီ…
ငါ့ နေ့ရက်တွေ ပြီး ပြည့်စုံလာတယ် …ဆိုတာ … …။

တကယ်ဆို …
ငါ အပိုတွေ မပြောချင်ပါဘူး … …
သူ ပျော်ရွှင်တာကိုသာ
မြင်ချင်တဲ့ ငါ …
အနာဂတ်မှာ ဝေးကွာသွားရင်တောင် … …
အပြုံးရိပ်စွန်းစွန်းနဲ့ သူ့ နှုတ်ခမ်းတစ်စုံကို
ဘယ်သောအခါမှ … …
မေ့မရတော့မှာ … အသေအချာ … …။


1 Response
  1. Unknown Says:

    တကယ်ဆို …
    ငါ လိုတာ တစ်ခုထဲပါ… …
    အဖြူစင်ဆုံး နှောင်တွယ်ချင်နေမိတဲ့
    သူ့ရင်ထဲက သံယောဇဉ်ကြိုးတစ်မျှင် ရဲ့ 
    တယုတယ ရစ်ဖွဲ့ မှုကို … …
    တစ်ရှိုက်မက်မက် ပိုင်ဆိုင်ခွင့်လေးတစ်ခု… …
    ဒါတစ်ခုကိုပဲ မျှော်လင့်ချက်ထားခဲ့တယ် …။

    အခုထိလည်း မျှော်လင့်နေဆဲပါ ဦးပန်ဒါရေ သိရဲ့လား


ရင်ထဲကစကားလုံးလေးများ