မျှော်လင့်ခြင်းလေး




မြတ်နိုးယုံကြည်
မပီမသ
အိပ်မက်လှလှ
တစ်ခဏ မက်ခွင့်
ဒီတစ်ညတော့
ရမည်ထင် …။

မြင်ယောင်ဝိုးတ၀ါး
ချစ်သူ့ ပုံရိပ်
ခပ်ပါးပါးကို
စိတ်မှာ ထင်မြင်
အတွေးနှင့်ပင်
ကြင်မိသေးသည် …။

အနာဂတ်ဝေး … ဝေး …
မျှော်တွေးလေတိုင်း
ကမ်းလင့်လက်တစ်စုံ
တွေးလိုက်တိုင်း မြင်
ပုံရိပ်ထင်သည် …
မေ့ပစ်ဖို့ရာ မစွမ်းသာ …။

ရင်ခွင်ရေ …
နောင်တစ်နေ့တော့
နီး
မည်
ထင် … …။


0 Responses

ရင်ထဲကစကားလုံးလေးများ