အခက်အခဲကိုအတူကျော်
တစ်ယောက်လဲရင် တစ်ယောက်ထူ…သူငယ်ချင်းတွေ ဖေးကူလို့
ငါတို့တစ်ယောက်လက် တစ်ယောက်ချိတ်ဆက်
အဲ့ဒီခရီးကို ဆက်ခဲ့ကြတာလေ…
တစ်နှစ်ဆိုတဲ့ ကာလ
လူတစ်ယောက်ကို ပြောင်းလဲပစ်ဖို့
လုံလောက်သလား…ဒါပဲ မင်းဖြေပါ…။
ကြည်လင်တဲ့ စိတ်ထားနဲ့
ဇ၀နဉာဏ်ရွှင်တဲ့ ငါတို့အားလုံးရဲ့  သူငယ်ချင်း
မင်းကိုမြင်ရင်ကို ပျော်နေမိတာ…
ရေကြည်တစ်ပေါက်လို ငါတို့ဘ၀အမောတွေကို
ပြေလျော့အေးမြစေတဲ့ သူငယ်ချင်း
ဂျိုကာလေးလိုပဲ ထင်မှတ်မှား ချစ်ခင်ခဲ့တာ…
ကတိတွေအထပ်ထပ် ငါတို့တွေ မပေးဖြစ်ခဲ့လဲ
နောက်နောင်တစ်ချိန်
မင်းတို့ငါတို့တတွေ
ဘယ်နေရာဘယ်ဒေသရောက်ရောက်…
အမှတ်ရနေမှာ ငါတို့မဆိုလဲ မြဲတဲ့ သစ္စာရယ်ပါ…
မထင်မှတ်ဘဲ မင်းရောက်လာတဲ့တစ်ချိန်
မော်ကြွားတဲ့ စရိုက်ဆိုးနဲ့
သောက်စားမူးယစ် သိက္ခာမဲ့စွာ…ပြောထွက်တဲ့စကား
ငွေကြေးဆိုတာ မင်းအတွက် ဘယ်တုန်းကများ
ကစားစရာဖြစ်သွားတာလဲ… …
ယုံကြည်စရာမကောင်းတဲ့စကားလုံးများ
ကတိမတည်တဲ့ မင်းနှုတ်ခမ်းဖျား
ပေါ့ပျက်ပျက် ချွင်းဂန်းတစ်ခုထက်မပိုတဲ့
မင်းနှလုံးသား
ဘယ်ချောင်ဘယ်ကြားမှာများ
အရောင်းအ၀ယ်ဖြစ်နေသလဲ…
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုပြီး
အယူအဆအလွဲများစွာကို ဆုပ်ကိုင်ထားတဲ့
ငါတို့ရဲ့ သိုးမည်းရေ…
အရင်လို စိတ်ထားမျိုးနဲ့သာ ပြန်လာခဲ့ပါ…
နှုတ်ကတိဆိုတာလဲ…
တည်ကိုတည်ရမဲ့ စကားတစ်ခွန်းဆိုတာ…
တစ်ချိန်မှာ မင်းနားလည်ရမဲ့ အရာ… …။