
အဖြူရောင်လွှမ်းတဲ့ နေ့ရက်တွေထဲ
မင်းအတွက်ဆို ရှေးရှု
အေးချမ်းမှုနဲ့ … ချစ်ခြင်းမေတ္တာတွေလေ …
ဒီလိုလေးပဲ
အစဉ်အမြဲ … စီးဆင်းသွားချင်မိတာ
အချိန်ပေါင်းများစွာအထိ… …။
တွယ်တာမိလေတဲ့ လူတစ်ယောက်အတွက်
ရယူ … ပေးဆပ်
ဒီနှစ်ချက်ကို
သိစိတ်နဲ့လဲ မတွေး
မသိစိတ်မှာလဲ မမွေး …
ကိုယ့်ချစ်သူရွှင်ပျနေတာလေးပဲ မြင်ခွင့်ရချင် …
အလျော့အတင်းအလျင်းကင်းတဲ့
ချစ်ခြင်းမှာ
ပိုင်ဆိုင် … စွန့်လွှတ်
ဘယ်ဘက်ကိုမှ စိတ်ညွတ်စရာမလို …
မယိမ်းမယိုင်…အကြောင်းခိုင်တတ်ဖို့သာလိုတယ် …။
လက်ချင်းယှက်လို့ မတွဲနှောင်
နောက်နောင် အချိန်တွေအတွက်
ကတိသစ္စာတွေမဆိုခဲ့လဲ
ဒီအချစ် ဒီမေတ္တာ ဒီနှောင်ကြိုးများဟာ
ငါရဲ့  ရင်ထဲ
တစ်နေ့ထက်တစ်နေ့ ပိုတိုး
ဖြူစင်တဲ့ မေတ္တာမျိုးမို့
ဘယ်တော့မှ မမေ့အပ်ဘူး …။

လက်ချင်းယှက်လို့ မတွဲနှောင်
နောက်နောင် အချိန်တွေအတွက်
ကတိသစ္စာတွေမဆိုခဲ့လဲ
ဒီအချစ် ဒီမေတ္တာ ဒီနှောင်ကြိုးများဟာ
ငါရဲ့  ရင်ထဲ
တစ်နေ့ထက်တစ်နေ့ ပိုတိုး
ဖြူစင်တဲ့ မေတ္တာမျိုးမို့
ဘယ်တော့မှ မမေ့အပ်ဘူး …။
ရယူပိုင်ဆိုင်ခွင့်မရှိလည်း အဝေးကပဲ ချစ်နေမှာပါ ဦးပန်ဒါရေ