ဟိုး …. အရင် ……..
ကျောင်းတက်စဉ်ဘဝ
ငယ်ကာလရဲ့  စာမျက်နှာ
လေပြေတစ်ချက် ဝေ့၀ဲ
သစ်ရွက်တစ်ရွက်ကြွေလွင့်ရင်တောင်
မြေမခခင် လှမ်းယူဖမ်းဆုပ်
ဟားတိုက်ရယ်မောခဲ့တဲ့ နှစ်ချို့ ရက်စွဲများ
တကယ်လဲ
အပူအပင် ကင်းမဲ့ခဲ့ပါရဲ့  … …။
ပြက္ခဒိန်တွေ တစ်ရွက်ပြီး တစ်ရွက်
သစ်ရွက်တွေလဲ စိမ်းတစ်ခါ ၀ါတစ်လှည့်
ပျယ်လွင့်ခဲ့တဲ့ အတိတ်ထဲ
ဘယ်လောက်ပဲ ပျော်ပါတယ်ပြောပြော … …
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟာ
ကွေကွင်းခြင်းမှာ … အဆုံးသတ်ခဲ့ရ …
ငါတို့ သူငယ်ချင်းတွေ တကွဲတပြား
ရေမြေခြားလို့ တစ်ယောက်တစ်နေရာ …။
ကံမကုန်ရင် ပြန်ဆုံရမယ် …
မှုံရီဝေတဲ့ မျက်ဝန်းတွေကြား
ကြိုးစားလို့ ပြုံးပြနှုတ်ဆက် … …
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းထွက်ခဲ့ကြတယ် …
နင်လဲနင့်ဘ၀နဲ့နင်
ငါလဲငါ့ဘ၀နဲ့ငါ
ကိုယ့်လမ်းကိုယ်ဖောက်…
ဘယ်ခရီးပဲရောက်ရောက်
ကျင်လည်ရာသံသရာတစ်လျှောက်
လူဆိုတဲ့ ခရီးသွားဟာ တစ်ယောက်ထဲပါပဲ …။
ဘ၀တစ်ကွေ့ တစ်ခဏအတွေ့မှာ
ခံယူချက်ချင်းတိုက်ဆိုင်တဲ့
ချစ်သောသူငယ်ချင်း …
ရှေ့ ဆက်မဲ့ ဘ၀လမ်းတွေမှာ
မယိုင်မလဲ ခိုင်မြဲတဲ့ခြေလှမ်းတစ်စုံနဲ့
အားမာန်ပြည့်ဝ နှလုံးလှစွာ ရပ်တည်နိုင်စေဖို့
ငါဆုတောင်းပေးနေမယ် …
နင့်ရည်မှန်းချက်တို့
အထမြောက်အောင်မြင်ပါစေ …
ဂွတ်ဘိုင် … …
( I wish … this poem may be everlasting on between friends.
I just wanna live in your heart … not in your memory.)
Post a Comment