
တစ်ယောက် တစ်ကမ္ဘာမဟုတ်လဲ
နှစ်ယောက် တနေရာမဆုံနိုင်သေးသမျှ
ဝေးတယ် နီးတယ်မဆိုသာ …
မျှော်လင့်ရင်မှာ တမ်းတတာမို့
မင်းအနမ်းတွေ
တစ်ခါတစ်လေ သိပ်လွမ်းမိပါတယ် …
အတိတ်ရဲ့  ခြေရာတွေ ထပ်တူမကျခဲ့လဲ
နှစ်ခါပြန်စီးဆင်းခွင့်မရတဲ့ မြစ်တစ်စင်းရဲ့ 
ဦးတည်ရာဟာ
ငါ့ရင်ခွင်မှာသာ ဖြစ်စေချင်တာမို့
ရှေ့ ဆက်ရမဲ့ အနာဂတ်ထဲ
မင်းလက်ကိုတွဲ ခရီးဆက်ဖို့အရေး
အားမွေးရင်းနဲ့
မင်းအကြောင်းတွေ
တစ်ခါတစ်လေ သိပ်တွေးမိပါတယ် …။
မျဉ်းနှစ်ကြောင်းလို ပြိုင်မနေလဲ
ဘ၀ဦးတည်ချက် ဖြာထွက်ရာက မတူညီနိုင်တော့
သစ္စာတွေ မယိုင်လဲသရွေ့ 
ဆုံတွေ့ခွင့်ရှိတယ် ဆိုတဲ့အတွေးနဲ့
လခြမ်းကွေးကွေးလေးကို ငေးရင်း
မင်းအဝေးမှာ
တစ်ခါတစ်လေ သိပ်ဆွေးမိပါတယ် …။
Do u know how much I miss u? Sometimes I miss u, but that’s ok.

မျဉ်းနှစ်ကြောင်းလို ပြိုင်မနေလဲ
ဘ၀ဦးတည်ချက် ဖြာထွက်ရာက မတူညီနိုင်တော့
သစ္စာတွေ မယိုင်လဲသရွေ့ 
ဆုံတွေ့ခွင့်ရှိတယ် ဆိုတဲ့အတွေးနဲ့
လခြမ်းကွေးကွေးလေးကို ငေးရင်း
မင်းအဝေးမှာ
တစ်ခါတစ်လေ သိပ်ဆွေးမိပါတယ် …။
ညီမအတွက်ကတော့ တစ်ခါတစ်လေထက် အမြဲလိုလိုဆွေးနေရတယ်ဆိုရင် ပိုမှန်မလားပဲ။ :(