Hard Day



I don’t know where to start,
how stop my heart from breaking apart.
I tried to hide it,
to pretend that I’m okay.
But the more I denied it,
the more it pained me anyway.
How easily he let go,
how fast he moved on.
Because I love him, it didn’t matter.
Instead of complaining,
I chose to accept it.

Now I’m here all alone,
asking myself where I went wrong.
trying to accept that’s how he is.
But still here I am, hurting and breaking.
I want to let go and move on,
but still I’m waiting and wondering if he might change,
NOw I wait that my phone might ring,
crossing my fingers that everything is unreal.


တစ်ခါတစ်လေ



တစ်ယောက် တစ်ကမ္ဘာမဟုတ်လဲ
နှစ်ယောက် တနေရာမဆုံနိုင်သေးသမျှ
ဝေးတယ် နီးတယ်မဆိုသာ …
မျှော်လင့်ရင်မှာ တမ်းတတာမို့
မင်းအနမ်းတွေ
တစ်ခါတစ်လေ သိပ်လွမ်းမိပါတယ် …

အတိတ်ရဲ့  ခြေရာတွေ ထပ်တူမကျခဲ့လဲ
နှစ်ခါပြန်စီးဆင်းခွင့်မရတဲ့ မြစ်တစ်စင်းရဲ့ 
ဦးတည်ရာဟာ
ငါ့ရင်ခွင်မှာသာ ဖြစ်စေချင်တာမို့
ရှေ့ ဆက်ရမဲ့ အနာဂတ်ထဲ
မင်းလက်ကိုတွဲ ခရီးဆက်ဖို့အရေး
အားမွေးရင်းနဲ့
မင်းအကြောင်းတွေ
တစ်ခါတစ်လေ သိပ်တွေးမိပါတယ် …။

မျဉ်းနှစ်ကြောင်းလို ပြိုင်မနေလဲ
ဘ၀ဦးတည်ချက် ဖြာထွက်ရာက မတူညီနိုင်တော့
သစ္စာတွေ မယိုင်လဲသရွေ့ 
ဆုံတွေ့ခွင့်ရှိတယ် ဆိုတဲ့အတွေးနဲ့
လခြမ်းကွေးကွေးလေးကို ငေးရင်း
မင်းအဝေးမှာ
တစ်ခါတစ်လေ သိပ်ဆွေးမိပါတယ် …။

Do u know how much I miss u? Sometimes I miss u, but that’s ok.

တစ်ဆစ်ချိုးလမ်း



လမ်းခရီး …
ကြည့်တော့သာ နီးနီးလေး
အဆီးအတားက ထင်ထားတာထက် များတယ် …။

အသွားမတော် တစ်လှမ်း …
ဟောဒီလမ်းမှာ မှားခဲ့တဲ့လူတွေများလှပြီ တဲ့
ခပ်ထေ့ထေ့ပြုံးပြီး ကမ္ဘာကြီးက
သူ့ကိုယ်သူလုံးကြောင်း
ပြောသွားပြန်တယ် …
လောကဓံရဲ့ လမ်းတွေပေါ်
တစ်ယောက်လက် တစ်ယောက်ကမ်းသလို
တစ်ယောက်ပုခုံး တစ်ယောက်နင်း
ကျော်ခွလှမ်းတက်သွားတဲ့အခါတွေလဲ ရှိပါရဲ့  …

ဘ၀နဲ့ဆန္ဒ
စိတ်လိုလက်ရ
ထပ်တူကျနိုင်သူတွေ
ဒီနေရာမှာ ဘယ်နှစ်ယောက်ထိ ရှိနိုင်မလဲ …။

မတ်စောက်တဲ့ နံရံတို့ရဲ့  အခြားတစ်ဖက်မှာ
ချောက်ကမ်းပါးက ထင်ထားတာထက် ပိုနက်သတဲ့ …၊
ကောက်ရိုးတစ်မျှင်ကို တွယ်ဖက်ရင်း
မျှော်လင့်ချက် ရှိရာအရပ်ဆီ ခရီးဆက်တဲ့အခါဆက် …
လမ်းခုလတ်မှာ ချော်ထွက်တဲ့အခါထွက်
မထင်မှတ်တဲ့ … ပြဿနာတွေလဲ တက်တဲ့အခါ တက်ပါရဲ့  …

တစ်ယောက်ကို တစ်ယောက်
ကူညီကြသလို
တစ်ယောက်နဲ့ တစ်ယောက်
မတူညီကြ …
အဲဒါကိုက သဘာဝ … ပဲလား …

တစ်ရက်မှာ ဆယ်နာရီလောက် ပင်ပန်းရုံနဲ့
လက်နက်ချချင်သလိုလို ဖြစ်တဲ့ရက်တွေမှာ …
အတိတ်က အရိပ်တွေ
ပြန်မကောက်ချင်တော့သလို
ရောက်လာမဲ့ မနက်ဖြန်မှာ
လှည့်ပြန်သွားချင်တယ် … …။

နိုဝင်ဘာ နှစ်ဆယ့်သုံး



အမှတ်တမဲ့နဲ့ ဖြတ်ပြေးသွားတဲ့ နေ့ရက်များစွာ
တစ်ရက် တစ်လ ကိုးလ … ဆယ်လမြောက်တဲ့
ဒီနေ့နံနက်ခင်းဟာ ငါ့ကို ငုံ့မိုးကြည့်ပြီး…
တိုးတိုးငြင်သာ သက်ပြင်းဖွဖွအသာချ
ကြင်နာစွာ ပြောပြသွားတယ် …
သနားစရာမိန်းကလေးရယ် …
ဝေဒနာတွေရမှာစိုးပါတယ် တဲ့

ပေါ့ရှပ်ရှပ် ကျော်လွှားသွားတဲ့ စက္ကန့်များစွာ
တစ်
နှစ်
သုံး
ဟော … ငါးဆယ့်နဲ့ငါးမိနစ်တိတိမှာ
ကမ္ဘာထက်ကို ကြယ်တစ်ပွင့်လွင့်ဝဲကြွေသက်…
ရင်ထဲမှာ လှပ်ခနဲအေးစက်
နှင်းစက်တွေကြား စိုစွတ်တဲ့မျက်ဝန်းတစ်စုံ …
နေသားမကျ လန့်ဖြန့် ငိုယိုလို့
ဟင် …
ငါ့ဘေးနားက လူသားအားလုံး
ကြည်နူးစွာ ရယ်ပြုံး
နှလုံးသားတွေက ဆိုကြတယ် …
Welcome to our world

နိုဝင်ဘာ …
ဒီဇင်ဘာ … …
ဇန်န၀ါရီ … … …
ကုန်လွန်သွားတဲ့ ခုနှစ်သက္ကရာဇ်တွေထဲ
တစ်လှမ်းခြင်း တစ်လှမ်းခြင်း
မတတ်တတတ်နဲ့ လမ်းလျှောက်သင်ခဲ့ …
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့အရေး
ဘေးက တွဲဖက်ကူမပေးခဲ့ရ …
လဲကျမယ်ကြံတာနဲ့ မနာကျင်အောင်
ကာကွယ်စောင့်ရှောက်မဲ့ တံတိုင်းများက နေရာတိုင်းမှာ …
အဲ့ဒီလက်ဖ၀ါးတွေကို လွမ်း … …
နွေးထွေးတဲ့ အနမ်းတွေကို လွမ်း …
ကျစ်ကျစ်ပါအောင် ဖက်ထားတဲ့ ရင်ခွင်ကို လွမ်း …
အိပ်ယာဝင်ပုံပြင်တွေကို လွမ်း …
ထမင်းဆီဆမ်းနဲ့ ရွှေလင်ပန်းကို လွမ်းတယ် …။

၂၀၀၀
၂၀၀၁
၂၀၀၂
ဘာလိုလိုနဲ့ ဆယ်စုနှစ်နောက်တစ်ခု ကုန်ဦးတော့မယ် …
စာသင်ကျောင်း …
ခေါင်းလောင်းထိုးသံတွေ
စာမေးပွဲ … ကျောင်းစာ … တစ်နှစ်တစ်တန်းမှန်မှန်တက်ဖို့အရေး
ခေါင်းထဲမှာ ဒီအတွေးပဲရှိခဲ့ …
ရီပို့ကဒ်ပိုက်ပြီး အိမ်ပြန်တဲ့လမ်း
ဆီးကြိုတဲ့ တစ်ဖက်လပ်အိမ် …
… … …
နှိမ်စပြုလာတဲ့ လောကကြီးထဲ
ဉာဏ်တိမ်တဲ့ ငါက …
အတွေ့အကြုံမှာ သုံည …
တစ်ခါမှ မရဖူးတဲ့ ဒဏ်ရာတွေကို နာရကောင်းမှန်းလဲ မသိခဲ့ ...
ပင်လယ်ပြင်ထဲ ရေငတ်ရတဲ့အကြောင်းလဲ ခေါင်းထဲမထဲ့တတ်ခဲ့ …
ပြုံးမြမြ မျက်နှာပေးနဲ့ ဘာကိုမှ အလေးအနက်မတွေးတတ်ခဲ့ …
ဆန္ဒရှိတိုင်းဖြစ်မယ်ထင်ခဲ့တဲ့ ဘဝ
ဘယ်နေရာမှာမှ ထပ်တူမကျခဲ့ရ …
အဲ့ဒါ ဆယ်ကျော်သက်ဘ၀တဲ့လား
ဟင်းးးး
ဗလာမဲကလဲ များလိုက်တာ …။

တစ်နှစ်
နှစ်နှစ် …
သုံးနှစ်
နိုဝင်ဘာတွေက အပြေးအလွှား …
အိုး … စိတ်ညစ်စရာ
လူကြီးမဖြစ်တစ်ဖြစ်နဲ့ နေရတာ ဂွကျတယ် …

ပြုံးပြလိုက်
မဲ့ပြလိုက်
မျက်စောင်းထိုးလိုက်
ခြေဆောင့်လိုက်နဲ့ …
အလိုမကျတဲ့ စိတ်ဆန္ဒတွေက
ပူဆာတိုင်းမရနိုင်မှန်း သူ့အလိုအလျောက် သိစပြုလာ …
ကြည့်ရတာ ဟန်မကျ ပန်မကျ …
တမ်းတတိုင်းလဲ ပြန်မရနိုင် …
အားတင်းကာ ထွက်လာခဲ့ပေမဲ့
စိတ်ထဲကတော့
ဟင့်အင်း …
ဘ၀ထဲကလမ်းတွေကို ငါ မနင်းချင်သေးပါဘူးဆို …
အဲ့ဒီနှစ်တွေမှာ
လန့်ဖျားဖျားသွားတယ် …။

၂၀၀၇
၂၀၀၈
လုပ်သင့်တာနဲ့ လုပ်ချင်တာ အဲဒီနှစ်ခုလွန်ဆွဲတဲ့ပွဲမှာ
မနေတတ်မထိုင်တတ်
တစ်ယောက်ထဲ ဖြစ်ဖြစ်နေတဲ့ သက္ကရာဇ်တွေ
တကယ်တမ်းကျတော့
ဧည့်သည်ဆိုတာ တစ်ခြားသူတွေမှ မဟုတ်တာ
ကိုယ့်အနီးအနားက
မိဘ မောင်နှမ ချစ်သူ သူငယ်ချင်း မိတ်ဆွေ
ဒါတွေပဲဆိုတာ အချိန်အတော်ကြာမှ
ရိပ်မိ … သိရှိခဲ့ရ …
ဒီလိုနဲ့ပဲ ခပ်ဆတ်ဆတ်အရိုက်ခံရမှ
အ … … …
အိပ်မက်က လန့်နိုးလာခဲ့တဲ့
နိုဝင်ဘာည …
အသိုက်ပျောက်တဲ့ ငှက်ငယ်က
အသိုက်ဆောက်မဲ့ အိပ်မက်ကို မက်တယ် …။

နှစ်ဆယ့်တစ်
နှစ်ဆယ့်နှစ်
နှစ်ဆယ့်သုံး
ဟောဒီရက်ပဲ …
ခရစ်သက္ကရာဇ်နှစ်ထောင့်ကိုးထဲက ဘာအရောင်မှမဆိုးတဲ့
နိုဝင်ဘာ နှစ်ဆယ့်သုံးဆိုတာ …
တစ်ခြားနေ့ရက်တွေလိုပဲ
အဲ့ဒီမနက်မှာ အရှေ့ ဘက်က နေထွက်…
ကမ္ဘာကြီးကလဲ ခါတိုင်းဒီဂရီအတိုင်း လည်ပတ်
လူတွေကလဲ တစ်ယောက်ပုခုံးတစ်ယောက် နင်းတက်
ငါလဲ ပုံမှန်အတိုင်း လမ်းလျှောက်ထွက်ခဲ့ …
ပြောနေကျ စကားတစ်ခွန်းပဲ ကိုယ့်ကိုယ်ကို ထပ်ပြောမယ် …

ကံကြမ္မာအလှည့်အပြောင်းမှာ
တစ်ရံတစ်ခါရွဲ့ စောင်းလဲ
အကြောင်းသဘောအမှန်ကြည့်ရင်
ကောင်းသော သဏ္ဌာန်ရှိကြောင်း
ဘုရားသိရင် တော်ပြီ …။


ရင်မောအိမ်



ဟိုရှေးငယ် သံသရာက
မကွာဆုထူး
ပန်ဆင်ခဲ့ဖူးရော့သလား
ရေစက်ကယ်ဖန်
ဆုံစည်းမယ် ကြံပြန်တော့လဲ
စီစဉ်ပုံဝေးတယ်လေး
ဆွေးစေဖို့ဖန်။

မမေ့နိုင် စွဲပါပေ့
တွေ့နိုးရယ် အသွယ်သွယ်မှန်း
တမျှော်မျှော် ပန်းလှပေါ့
နွမ်းခွေလျထိုင်
တရားလက်ကိုင်
ဖြေနိုင်ရယ် ခက်တယ်လေး
ပင့်သက်ချမှိုင်။

မေတ္တာထားမိပြန်ပေါ့
နောက်များမှာ
မာယာဉာဏ်နှင့်
မူဟန်တော် မလွှဲပါလင့်
ချစ်တော်မူဆဲဟာမို့
တမင်ကို တ တယ်လေး
အားငယ်လှပြန်။

My Memorial Day at 25th Oct 2009
I love you my buddy!


ရင်ဝှက်ထောင့်ချိုး




ရင်မှာမြတ်နိုး
တိတ်တခိုးမို့
သူ သိအောင်လဲ မပြောချင်။
မျှော်လင့်ခြင်းမဲ့
ပေးဆပ်မှုနဲ့
အတုံ့အလှည့်လဲ မလိုချင်။
ဆုံရန်ခက်ခဲ
ဝေးနေဆဲမို့
တမ်းတပြီးလဲ မငိုချင်။
လွန်ခဲ့အတိတ်
အရိပ်ပမာ ထပ်ခြပ်လိုက်ဆဲ
တွေးလိုက်တိုင်းမြင်
ပုံရိပ်ထင်သည်
မေ့ပစ်ဖို့ရာ…မစွမ်းသာ။
ပြန်လာမည်လား…
ခြေသံများနဲ့
ညဥ့်ယံတိုင်းမှာ…တရေးနိုးသည်… …
ပျောက်ရှသွားခဲ့…အိပ်မက်များနဲ့
ရောင်နီဦးမှာ…သူ ပေါ်မလာ
မျှော်သူ့ရင်မှာ မောရသည်။

သိုးမည်း



အခက်အခဲကိုအတူကျော်
တစ်ယောက်လဲရင် တစ်ယောက်ထူ…သူငယ်ချင်းတွေ ဖေးကူလို့
ငါတို့တစ်ယောက်လက် တစ်ယောက်ချိတ်ဆက်
အဲ့ဒီခရီးကို ဆက်ခဲ့ကြတာလေ…

တစ်နှစ်ဆိုတဲ့ ကာလ
လူတစ်ယောက်ကို ပြောင်းလဲပစ်ဖို့
လုံလောက်သလား…ဒါပဲ မင်းဖြေပါ…။

ကြည်လင်တဲ့ စိတ်ထားနဲ့
ဇ၀နဉာဏ်ရွှင်တဲ့ ငါတို့အားလုံးရဲ့  သူငယ်ချင်း
မင်းကိုမြင်ရင်ကို ပျော်နေမိတာ…

ရေကြည်တစ်ပေါက်လို ငါတို့ဘ၀အမောတွေကို
ပြေလျော့အေးမြစေတဲ့ သူငယ်ချင်း
ဂျိုကာလေးလိုပဲ ထင်မှတ်မှား ချစ်ခင်ခဲ့တာ…

ကတိတွေအထပ်ထပ် ငါတို့တွေ မပေးဖြစ်ခဲ့လဲ
နောက်နောင်တစ်ချိန်
မင်းတို့ငါတို့တတွေ
ဘယ်နေရာဘယ်ဒေသရောက်ရောက်…
အမှတ်ရနေမှာ ငါတို့မဆိုလဲ မြဲတဲ့ သစ္စာရယ်ပါ…

မထင်မှတ်ဘဲ မင်းရောက်လာတဲ့တစ်ချိန်
မော်ကြွားတဲ့ စရိုက်ဆိုးနဲ့
သောက်စားမူးယစ် သိက္ခာမဲ့စွာ…ပြောထွက်တဲ့စကား
ငွေကြေးဆိုတာ မင်းအတွက် ဘယ်တုန်းကများ
ကစားစရာဖြစ်သွားတာလဲ… …

ယုံကြည်စရာမကောင်းတဲ့စကားလုံးများ
ကတိမတည်တဲ့ မင်းနှုတ်ခမ်းဖျား
ပေါ့ပျက်ပျက် ချွင်းဂန်းတစ်ခုထက်မပိုတဲ့
မင်းနှလုံးသား
ဘယ်ချောင်ဘယ်ကြားမှာများ
အရောင်းအ၀ယ်ဖြစ်နေသလဲ…

ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုပြီး
အယူအဆအလွဲများစွာကို ဆုပ်ကိုင်ထားတဲ့
ငါတို့ရဲ့ သိုးမည်းရေ…
အရင်လို စိတ်ထားမျိုးနဲ့သာ ပြန်လာခဲ့ပါ…
နှုတ်ကတိဆိုတာလဲ…
တည်ကိုတည်ရမဲ့ စကားတစ်ခွန်းဆိုတာ…
တစ်ချိန်မှာ မင်းနားလည်ရမဲ့ အရာ… …။

နှလုံးသားတစ်စုံ ရဲ့  ဆန္ဒ



ဖြူစင်သော စိတ်နှလုံးဖြင့်
အမြတ်နိုးဆုံး တွယ်တာမိသမျှ
သူ သိနိုင်ပါစေ။

အိပ်မပျော်နိုင် ညများစွာမှာ
ကောင်းကင်ထက် မော့ကြည့်
တစ်မိုးအောက် တစ်ယောက်
သစ္စာတည် … …
ရင်ထဲမှာ သူ… သာလျှင်ရှိတယ်။

မိုးသားတွေပြာတဲ့ တစ်နေ့မှာ
သူရောက်လာမယ်ဆိုလို့
တိမ်တွေဖုံးလာရင်
ယောင်လို့တောင် ငါမပြုံးချင်ဘူး။

လေဆိပ်က ထိုင်ခုံတွေက
မသိမသာ လှောင်ပြုံးပြုံးကြတယ် …
မင်းကြိုရမယ့်သူ ပါလာပြီလားတဲ့
ဟင့်အင်း …ဒါတွေ မမေးပါနဲ့ … …
ဘယ်လောက်ကြာမလဲ ငါမသိချင်ဘူး…။

နှလုံးသားတစ်စုံရဲ့  ဆန္ဒကို
မလွန်ဆန်နိုင်မှတော့ အချိန်ကာလတွေ
ဘယ်လောက်ရှည်လျားလျား
သူ အနားရောက်လာမယ့်နေ့ထိ
ငါ့မျှော်လင့်ချက်တွေ အသက်ဆက်တယ်။

မိုးသည်းသည်းထန်ထန် ရွာချတာကို ငေးရင်း … …
ကော်ဖီဆိုင်ထောင့်စားပွဲလေးမှာ
မိုခါတစ်ခွက်ကိုချလို့
ငါတစ်ယောက်ထဲ … …
အနာဂတ်ကို မရဲတရဲ မျှော်ကြည့်ဖူးတယ် …။

မမြင်ရတဲ့ သံယောဇဉ်တွေက
လူတကာ တွေးထင်တာထက်
ပိုခိုင်တယ် …။

Star Online



Warm Embrace of Love
A cup of Café and you
What else I need…

As time passes
I realized that
You and you only dwell in my heart….

May be I fail with sleepless night.
'coz I miss day and night.
so bad to calculate the equation of heart.
Can't integrate this odd number I get.

Miles and miles away from you
Searching your nick online
Scan my eye and you will see that
It’s so hard to calm… … …

လက်ထဲကတိမ်



တိတ်ဆိတ်တဲ့ ညနက်တွေထဲ
နံရံက မင်းဓါတ်ပုံလေးမှာ
အပြုံးလေးပွင့်သွားခဲ့ပေါ့ …
လက်နှစ်ဖက် တင်းတင်းပိုက်
ငါ ငေးစိုက်
ဒီလိုနဲ့ပဲ
လွမ်း … …. … တယ် ….။

ပေးမယ်မပေးမယ် မသေချာပေမယ့်
ဒီကဗျာတွေ ငါရေးခဲ့တယ် …
နီးမယ်မနီးမယ် မရေရာပေမယ့်
ဒါတွေ ငါမတွေးမိဘူး …

အမှန်ကို ၀န်ခံရရင်
ပျော်ရွှင်စရာတွေ ရှားပါးတဲ့ ဘ၀ထဲ
ဒီအပြုံးတွေ ရောက်လာထဲက
ပျောက်ပျက်သွားဖို့
ငါ အိပ်မက်တောင် မမက်
ဘ၀တစ်သက်တာ သယ်ဆောင်သွားဖို့သာ
စိတ်ကူးတတ်ခဲ့တယ် …။

တစ်ဇွတ်ထိုးဆန်ချင်တဲ့ကိုယ့်စိတ်နဲ့ ကိုယ်
ပြေလည်မှုမရ
လက်တွေ့ဆန်တဲ့ လမ်း
စိတ်ကူးယဉ်တဲ့ အနမ်း
ဖမ်းဆုပ်ချင်တဲ့ အိပ်မက်
လိုရာဆွဲတဲ့ အတွေး … …
ငါတစ်ယောက်ထဲ ရန်ဖြစ်ရ
ညီမျှခြင်းလဲ ချမရပါလား …
စိတ်မောတယ် …။

မချိုမြတဲ့ ဘ၀အခက်အခဲတွေ
တံခါးမကြီးက ၀င်လာတိုင်း
အချစ်ရယ် နင်ထွက်မသွားပါနဲ့
ပြတင်းပေါက်ကို ငါပိတ်ထားမလို့ပါ …

ချစ်သော ချယ်ရီ …



လီလီပန်းတွေက ခါတိုင်းလိုပဲပွင့်တယ်…
နင်သိပ်ကြိုက်တယ်ဆိုတဲ့ လိမ္မော်ရနံ့တွေလဲ
တောင်ပေါ်မှာ နေရာတကာ သင်းရှလို့… …

အိမ်အပြန်လမ်းလေးလိုပဲ
ဘ၀က အချိုးအကွေ့ သိပ်များလွန်းတယ်
ခဏဆိုပြီး နင်ထွက်သွားလိုက်တာ
တစ်ရက်ပြီးတစ်ရက်...တစ်လပြီးတစ်လ
နောက်…တစ်နှစ်ပြီးတစ်နှစ်
ငါလေ…
နင့်ကို သတိရလိုက်တာ..။

ဝေလီဝေလင်း မြူတွေရစ်သိုင်းနေတဲ့
တောလမ်းလေးမှာ…
နင်ချစ်တဲ့ နှင်းပန်းတွေ စိုစွတ်လို့
ငါ့မျက်ဝန်းမှာရောပါပဲ… …
ခပ်ရိုးရိုးရေးပြရရင်
နင့်ကို ပြန်လာစေချင်လိုက်တာ…။

နောက်တစ်ခါ မီးပုံပွဲလုပ်ရင်
နင် ငါ့ကိုသီချင်းဆိုပြမယ်ဆို… …
အေးစက်စက် သန်းခေါင်ယံညနက်ထဲ
ရေးထားတဲ့ သီချင်းတွေလဲ ပိုင်ရှင်မဲ့ခဲ့ရပြီပဲ… …။

တောင်ပေါ်ကို လှမ်းမျှော်ကြည့်မိတော့
နင့် ရယ်သံလေးတွေလေ…
မနေ့တနေ့ကလိုပဲ…လွင့်ပျံလာစမြဲ…
ငါ လွမ်းလိုက်တာ ချယ်ရီရယ်… …။


ရွှေပုံပြင်




နွေနဲ့ မိုး ဆောင်း
အတိတ်တို့ ဟောင်းသွားချိန်မှာ
အားလုံးရဲ့  နှလုံးသားနဲ့
Drawing ပေပါထက်ရေးခြစ်ခဲ့တဲ့
နှစ်ချို့ ရက်စွဲများ
တွဲခဲ့ကြတဲ့လက်များ
ရင်ထဲမှာ တွယ်ငြိဆဲမို့
တွေးမိလိုက်တိုင်း သတိရ တမ်းတ
ငါတို့ ခွဲခဲ့ရတာ … မသိလိုက်မသိဖာသာ
ဘာလိုလိုနဲ့ နှစ်တွေလတွေလဲ အတော်ကြာရော့မယ် …။

အခုလို အချိန်တွေမှာ …
ကျုံးဘေးတစ်လျှောက်
ရယ်သံတို့ ပျံ့ ကျဲ
မန္တလေးတောင်ရဲ့ 
ခြေတော်ရင်း
ကျောင်းသွားချိန်
နံနက်ခင်းတိုင်း
မြူတွေ အုံ့ဆိုင်း …
ရှစ်ခွင်တိုင်းမှိုင်းညို့ လို့နေရော့မယ် ...။

ကျီစယ်ရိပ်သန်းတဲ့
အဖြူရောင် အပြုံးမျက်ဝန်းတွေလဲ
ကျောင်းဆောင်တစ်ဝိုက် လွင့်စင်ကျလို့ …
ငါတို့ ခိုနားခဲ့ကြတဲ့
စာသင်ခန်းတွေရင်ခွင်ထဲ
ခုလောက်ဆို
ဂျူနီယာ မောင်နှမတွေ လက်ဆင့်ကမ်း
မျှော်လင့်ချက် ရောင်နီအသစ်တို့ ယှက်သမ်းလို့နေရော့မယ် …။

ဝန်ခံခြင်းများ




တကယ်ဆို …
ငါ လိုတာ တစ်ခုထဲပါ… …
အဖြူစင်ဆုံး နှောင်တွယ်ချင်နေမိတဲ့
သူ့ရင်ထဲက သံယောဇဉ်ကြိုးတစ်မျှင် ရဲ့ 
တယုတယ ရစ်ဖွဲ့ မှုကို … …
တစ်ရှိုက်မက်မက် ပိုင်ဆိုင်ခွင့်လေးတစ်ခု… …
ဒါတစ်ခုကိုပဲ မျှော်လင့်ချက်ထားခဲ့တယ် …။

တကယ်ဆို …
ငါ နှောင်တွယ်ခဲ့တာ ကြာပြီပဲ … …
ရိုးစင်းတဲ့ သူ့ စကားသံကို
နွေးထွေးစွာ ကြားလိုက်ရထဲက
ငါ သိလိုက်ပါပြီ…
ငါ့ နေ့ရက်တွေ ပြီး ပြည့်စုံလာတယ် …ဆိုတာ … …။

တကယ်ဆို …
ငါ အပိုတွေ မပြောချင်ပါဘူး … …
သူ ပျော်ရွှင်တာကိုသာ
မြင်ချင်တဲ့ ငါ …
အနာဂတ်မှာ ဝေးကွာသွားရင်တောင် … …
အပြုံးရိပ်စွန်းစွန်းနဲ့ သူ့ နှုတ်ခမ်းတစ်စုံကို
ဘယ်သောအခါမှ … …
မေ့မရတော့မှာ … အသေအချာ … …။


Cafe’




အချစ်ဆိုတာ
အချိုနည်းနည်း အခါးများများရောစပ်
Espresso ကဖေးတစ်ခွက် …။

အချစ်ဆိုတာ
နို့တစ်ကရား သကြားများများရောယှက်
Brew ကဖေးတစ်ခွက် …။

အချစ်ဆိုတာ
အသည်းပုံဖော် စိမ့်သက်သက်အရသာစွဲမက်
Cuppaccino ကဖေးတစ်ခွက် …။

အချစ်ဆိုတာ
ချောကလက်မက ကော်ဖီမကျတဲ့ဘက်
Mocha ကဖေးတစ်ခွက် …။

အချစ်ဆိုတာ
ချိုမြိန်ခါးသက် နှစ်ဖက်မျှရခက်
Latte ကဖေးတစ်ခွက် …။

အချစ်ဆိုတာ
ကြိုက်တတ်ရင် အလွယ်သောက်
ရေနွေးရှိရုံလောက်နဲ့ အဆင်ပြေတဲ့
3 in 1 ကဖေးတစ်ခွက် … …။


မျှော်လင့်ခြင်းလေး




မြတ်နိုးယုံကြည်
မပီမသ
အိပ်မက်လှလှ
တစ်ခဏ မက်ခွင့်
ဒီတစ်ညတော့
ရမည်ထင် …။

မြင်ယောင်ဝိုးတ၀ါး
ချစ်သူ့ ပုံရိပ်
ခပ်ပါးပါးကို
စိတ်မှာ ထင်မြင်
အတွေးနှင့်ပင်
ကြင်မိသေးသည် …။

အနာဂတ်ဝေး … ဝေး …
မျှော်တွေးလေတိုင်း
ကမ်းလင့်လက်တစ်စုံ
တွေးလိုက်တိုင်း မြင်
ပုံရိပ်ထင်သည် …
မေ့ပစ်ဖို့ရာ မစွမ်းသာ …။

ရင်ခွင်ရေ …
နောင်တစ်နေ့တော့
နီး
မည်
ထင် … …။


Twinkling Star



Like the star sign for Gemini
I do love you really…
Such kind of feeling will be warm for eternity.

In my heart of heart
The only fact that will show
I adore you so…
And I trust you more…
That’s why I don’t care no matter what our future goes.

If you love me -
I don’t need to worry about the girls beside you…
If you don’t love me -
why should I need to worry about the girls beside you …

This is my pledge, dearest one.
I will stand by you-
not for duty, not for pity, but for love.

And no matter
whether the wine be bitter or sweet
we will share it together
and find happiness in the comradeship.

နှလုံးအိမ်ထက်ကသစ်တစ်ပင်



အမြဲထာဝစဉ်
တွေ့ မြင်ချင်လဲ
ဆုံစဉ်ခဏ
ဒီအခိုက်မှာ ရင်မှာ လှိုက်မော
ပြောရခက်သည်
ကစဥ့်ကလျား
ရင်ခုန်သံများနဲ့
ချုပ်ထိန်းမရ
နှလုံးသားကို
သူ … သိသွားမှာ စိုးသောကြောင့် …။

နှုတ်ဖျား တုံ့ဆိုင်း
ပြောအားမရှိ …
တုန်ယင်ချမ်းခိုက် ကမ်းလိုက်သည့်လက်
တမြတ်တနိုး
သူမိုးကြည့်စဉ် …
ရင်မှာ တိတ်တခိုး ခံစားချက်မျိုးနဲ့
သူ့ရဲ့ ရင်ရိပ်
မှေးစက်ချင်စိတ်
ကြိတ်မှိတ် သိမ်းဆည်း
သိုဝှက်ထားသည် …
သူ … မလိုမှာ စိုးသောကြောင့် …။

မျက်တောင်စေ့ပိတ် မှေးမှိတ်ထားလဲ
သူ့ပြောစကား
စိတ်ရဲ့  နားမှာ
ခါခါကြားယောင်
နှောင်တွယ်စိတ်ကူး …
ရူးခဲ့ရသည် …
မေတ္တာရည်စူး ကြည်နူးဖက်တွယ်
သူ့အပါးဝယ် နားလိုပါလျှက်
ဆုမတောင်းရက်
ဖူးစာမှန်မှ ပေါင်းဖက်လိုသည် …
သူ … မပျော်မှာ စိုးသောကြောင့် …။


အဖြူရောင်မြစ်တစ်စင်း



အဖြူရောင်လွှမ်းတဲ့ နေ့ရက်တွေထဲ
မင်းအတွက်ဆို ရှေးရှု
အေးချမ်းမှုနဲ့ … ချစ်ခြင်းမေတ္တာတွေလေ …
ဒီလိုလေးပဲ
အစဉ်အမြဲ … စီးဆင်းသွားချင်မိတာ
အချိန်ပေါင်းများစွာအထိ… …။

တွယ်တာမိလေတဲ့ လူတစ်ယောက်အတွက်
ရယူ … ပေးဆပ်
ဒီနှစ်ချက်ကို
သိစိတ်နဲ့လဲ မတွေး
မသိစိတ်မှာလဲ မမွေး …
ကိုယ့်ချစ်သူရွှင်ပျနေတာလေးပဲ မြင်ခွင့်ရချင် …
အလျော့အတင်းအလျင်းကင်းတဲ့
ချစ်ခြင်းမှာ
ပိုင်ဆိုင် … စွန့်လွှတ်
ဘယ်ဘက်ကိုမှ စိတ်ညွတ်စရာမလို …
မယိမ်းမယိုင်…အကြောင်းခိုင်တတ်ဖို့သာလိုတယ် …။

လက်ချင်းယှက်လို့ မတွဲနှောင်
နောက်နောင် အချိန်တွေအတွက်
ကတိသစ္စာတွေမဆိုခဲ့လဲ
ဒီအချစ် ဒီမေတ္တာ ဒီနှောင်ကြိုးများဟာ
ငါရဲ့  ရင်ထဲ
တစ်နေ့ထက်တစ်နေ့ ပိုတိုး
ဖြူစင်တဲ့ မေတ္တာမျိုးမို့
ဘယ်တော့မှ မမေ့အပ်ဘူး …။


နေခြည်သန်းတဲ့အတိတ်လမ်း



ဟိုး …. အရင် ……..
ကျောင်းတက်စဉ်ဘဝ
ငယ်ကာလရဲ့  စာမျက်နှာ
လေပြေတစ်ချက် ဝေ့၀ဲ
သစ်ရွက်တစ်ရွက်ကြွေလွင့်ရင်တောင်
မြေမခခင် လှမ်းယူဖမ်းဆုပ်
ဟားတိုက်ရယ်မောခဲ့တဲ့ နှစ်ချို့ ရက်စွဲများ
တကယ်လဲ
အပူအပင် ကင်းမဲ့ခဲ့ပါရဲ့  … …။

ပြက္ခဒိန်တွေ တစ်ရွက်ပြီး တစ်ရွက်
သစ်ရွက်တွေလဲ စိမ်းတစ်ခါ ၀ါတစ်လှည့်
ပျယ်လွင့်ခဲ့တဲ့ အတိတ်ထဲ
ဘယ်လောက်ပဲ ပျော်ပါတယ်ပြောပြော … …
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟာ
ကွေကွင်းခြင်းမှာ … အဆုံးသတ်ခဲ့ရ …
ငါတို့ သူငယ်ချင်းတွေ တကွဲတပြား
ရေမြေခြားလို့ တစ်ယောက်တစ်နေရာ …။

ကံမကုန်ရင် ပြန်ဆုံရမယ် …
မှုံရီဝေတဲ့ မျက်ဝန်းတွေကြား
ကြိုးစားလို့ ပြုံးပြနှုတ်ဆက် … …
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းထွက်ခဲ့ကြတယ် …
နင်လဲနင့်ဘ၀နဲ့နင်
ငါလဲငါ့ဘ၀နဲ့ငါ
ကိုယ့်လမ်းကိုယ်ဖောက်…
ဘယ်ခရီးပဲရောက်ရောက်
ကျင်လည်ရာသံသရာတစ်လျှောက်
လူဆိုတဲ့ ခရီးသွားဟာ တစ်ယောက်ထဲပါပဲ …။

ဘ၀တစ်ကွေ့ တစ်ခဏအတွေ့မှာ
ခံယူချက်ချင်းတိုက်ဆိုင်တဲ့
ချစ်သောသူငယ်ချင်း …
ရှေ့ ဆက်မဲ့ ဘ၀လမ်းတွေမှာ
မယိုင်မလဲ ခိုင်မြဲတဲ့ခြေလှမ်းတစ်စုံနဲ့
အားမာန်ပြည့်ဝ နှလုံးလှစွာ ရပ်တည်နိုင်စေဖို့
ငါဆုတောင်းပေးနေမယ် …
နင့်ရည်မှန်းချက်တို့
အထမြောက်အောင်မြင်ပါစေ …
ဂွတ်ဘိုင် … …

( I wish … this poem may be everlasting on between friends.
I just wanna live in your heart … not in your memory.)

The Wonder One



You are the one
Who know everything I feel
About my weakness …
And the problems I’ve been dealt.

You are the one
Who understand my wonders …
Listen to my dreams …
Listen to how I feel about life
And know what it all means.

You are the one
Who tell me I am wrong
Understand what I am going through
And promise you’d stay long.

I reach out to you
To show you that I care
To pull you close and let you know
How much I need you there.


ရင်ထဲကစကားလုံးလေးများ