Twinkling Star



Like the star sign for Gemini
I do love you really…
Such kind of feeling will be warm for eternity.

In my heart of heart
The only fact that will show
I adore you so…
And I trust you more…
That’s why I don’t care no matter what our future goes.

If you love me -
I don’t need to worry about the girls beside you…
If you don’t love me -
why should I need to worry about the girls beside you …

This is my pledge, dearest one.
I will stand by you-
not for duty, not for pity, but for love.

And no matter
whether the wine be bitter or sweet
we will share it together
and find happiness in the comradeship.

နှလုံးအိမ်ထက်ကသစ်တစ်ပင်



အမြဲထာဝစဉ်
တွေ့ မြင်ချင်လဲ
ဆုံစဉ်ခဏ
ဒီအခိုက်မှာ ရင်မှာ လှိုက်မော
ပြောရခက်သည်
ကစဥ့်ကလျား
ရင်ခုန်သံများနဲ့
ချုပ်ထိန်းမရ
နှလုံးသားကို
သူ … သိသွားမှာ စိုးသောကြောင့် …။

နှုတ်ဖျား တုံ့ဆိုင်း
ပြောအားမရှိ …
တုန်ယင်ချမ်းခိုက် ကမ်းလိုက်သည့်လက်
တမြတ်တနိုး
သူမိုးကြည့်စဉ် …
ရင်မှာ တိတ်တခိုး ခံစားချက်မျိုးနဲ့
သူ့ရဲ့ ရင်ရိပ်
မှေးစက်ချင်စိတ်
ကြိတ်မှိတ် သိမ်းဆည်း
သိုဝှက်ထားသည် …
သူ … မလိုမှာ စိုးသောကြောင့် …။

မျက်တောင်စေ့ပိတ် မှေးမှိတ်ထားလဲ
သူ့ပြောစကား
စိတ်ရဲ့  နားမှာ
ခါခါကြားယောင်
နှောင်တွယ်စိတ်ကူး …
ရူးခဲ့ရသည် …
မေတ္တာရည်စူး ကြည်နူးဖက်တွယ်
သူ့အပါးဝယ် နားလိုပါလျှက်
ဆုမတောင်းရက်
ဖူးစာမှန်မှ ပေါင်းဖက်လိုသည် …
သူ … မပျော်မှာ စိုးသောကြောင့် …။


အဖြူရောင်မြစ်တစ်စင်း



အဖြူရောင်လွှမ်းတဲ့ နေ့ရက်တွေထဲ
မင်းအတွက်ဆို ရှေးရှု
အေးချမ်းမှုနဲ့ … ချစ်ခြင်းမေတ္တာတွေလေ …
ဒီလိုလေးပဲ
အစဉ်အမြဲ … စီးဆင်းသွားချင်မိတာ
အချိန်ပေါင်းများစွာအထိ… …။

တွယ်တာမိလေတဲ့ လူတစ်ယောက်အတွက်
ရယူ … ပေးဆပ်
ဒီနှစ်ချက်ကို
သိစိတ်နဲ့လဲ မတွေး
မသိစိတ်မှာလဲ မမွေး …
ကိုယ့်ချစ်သူရွှင်ပျနေတာလေးပဲ မြင်ခွင့်ရချင် …
အလျော့အတင်းအလျင်းကင်းတဲ့
ချစ်ခြင်းမှာ
ပိုင်ဆိုင် … စွန့်လွှတ်
ဘယ်ဘက်ကိုမှ စိတ်ညွတ်စရာမလို …
မယိမ်းမယိုင်…အကြောင်းခိုင်တတ်ဖို့သာလိုတယ် …။

လက်ချင်းယှက်လို့ မတွဲနှောင်
နောက်နောင် အချိန်တွေအတွက်
ကတိသစ္စာတွေမဆိုခဲ့လဲ
ဒီအချစ် ဒီမေတ္တာ ဒီနှောင်ကြိုးများဟာ
ငါရဲ့  ရင်ထဲ
တစ်နေ့ထက်တစ်နေ့ ပိုတိုး
ဖြူစင်တဲ့ မေတ္တာမျိုးမို့
ဘယ်တော့မှ မမေ့အပ်ဘူး …။


နေခြည်သန်းတဲ့အတိတ်လမ်း



ဟိုး …. အရင် ……..
ကျောင်းတက်စဉ်ဘဝ
ငယ်ကာလရဲ့  စာမျက်နှာ
လေပြေတစ်ချက် ဝေ့၀ဲ
သစ်ရွက်တစ်ရွက်ကြွေလွင့်ရင်တောင်
မြေမခခင် လှမ်းယူဖမ်းဆုပ်
ဟားတိုက်ရယ်မောခဲ့တဲ့ နှစ်ချို့ ရက်စွဲများ
တကယ်လဲ
အပူအပင် ကင်းမဲ့ခဲ့ပါရဲ့  … …။

ပြက္ခဒိန်တွေ တစ်ရွက်ပြီး တစ်ရွက်
သစ်ရွက်တွေလဲ စိမ်းတစ်ခါ ၀ါတစ်လှည့်
ပျယ်လွင့်ခဲ့တဲ့ အတိတ်ထဲ
ဘယ်လောက်ပဲ ပျော်ပါတယ်ပြောပြော … …
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟာ
ကွေကွင်းခြင်းမှာ … အဆုံးသတ်ခဲ့ရ …
ငါတို့ သူငယ်ချင်းတွေ တကွဲတပြား
ရေမြေခြားလို့ တစ်ယောက်တစ်နေရာ …။

ကံမကုန်ရင် ပြန်ဆုံရမယ် …
မှုံရီဝေတဲ့ မျက်ဝန်းတွေကြား
ကြိုးစားလို့ ပြုံးပြနှုတ်ဆက် … …
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းထွက်ခဲ့ကြတယ် …
နင်လဲနင့်ဘ၀နဲ့နင်
ငါလဲငါ့ဘ၀နဲ့ငါ
ကိုယ့်လမ်းကိုယ်ဖောက်…
ဘယ်ခရီးပဲရောက်ရောက်
ကျင်လည်ရာသံသရာတစ်လျှောက်
လူဆိုတဲ့ ခရီးသွားဟာ တစ်ယောက်ထဲပါပဲ …။

ဘ၀တစ်ကွေ့ တစ်ခဏအတွေ့မှာ
ခံယူချက်ချင်းတိုက်ဆိုင်တဲ့
ချစ်သောသူငယ်ချင်း …
ရှေ့ ဆက်မဲ့ ဘ၀လမ်းတွေမှာ
မယိုင်မလဲ ခိုင်မြဲတဲ့ခြေလှမ်းတစ်စုံနဲ့
အားမာန်ပြည့်ဝ နှလုံးလှစွာ ရပ်တည်နိုင်စေဖို့
ငါဆုတောင်းပေးနေမယ် …
နင့်ရည်မှန်းချက်တို့
အထမြောက်အောင်မြင်ပါစေ …
ဂွတ်ဘိုင် … …

( I wish … this poem may be everlasting on between friends.
I just wanna live in your heart … not in your memory.)

The Wonder One



You are the one
Who know everything I feel
About my weakness …
And the problems I’ve been dealt.

You are the one
Who understand my wonders …
Listen to my dreams …
Listen to how I feel about life
And know what it all means.

You are the one
Who tell me I am wrong
Understand what I am going through
And promise you’d stay long.

I reach out to you
To show you that I care
To pull you close and let you know
How much I need you there.


ညနေမိုး



ရွာမလိုလိုနဲ့ တိမ်ညိုတွေပဲ
ပြနေတော့
ဘ၀ဇာတ်ခုံထက်
မိုင်တိုင်တွေရေတွက်ရင်း လမ်းလျှောက် …
အနာဂတ် ကောင်းကင်တစ်ခွင်
တိမ်ရိပ်ဆင်လို့
တစ်ချိန်မှာ
လျှပ်ရောင်လက်လေမလား … …
ထင်ယောင်ထင်မှားအတွေးတွေထဲ
မျှော်ငေးရတဲ့ ညနေက များတယ် … …။

တကယ်ဆို … မိုးရယ်
လမှန်အိမ်ကို တိမ်ညိုကွယ်ဝှက်
မိုးသက်လေရိပ် တစ်ချက်ဝေ့တိုင်း
ရွာလိမ့်နိုးနိုး မျှော်ကိုးရလွန်းလို့
ပျိုးနေမယ့်အစား …
မျှော်သူ့ ရင်ရိပ် အေးမြစေဖို့အတွက်
ရွာမယ်ဆိုလဲ သည်းသည်းမည်းမည်းပေါ့ကွယ် …။

သည်ကမ္ဘာမြေထက် စိုလက်စေဖို့
နောက်နောင်အခါ မရွာနိုင်ဘူးဆိုလဲ …
မျှော်ငေးရသူ
တမင်ဆွေးစေ စိတ်ကရည်လျှက် …
လွမ်းရိပ်ဖွဲ့ယှက် နှလုံးအိမ်ထက်
အိပ်စက်ခက်အောင်
ညိုပါနဲ့လား မိုးရယ် …။

သဘာဝ



ချစ်ကြည့်လိုက်ပါ …
နေရောင် မိုးစက် ဆုံမှတ်တစ်နေရာအရောက်မှာ
သက်တန့်ဆိုတာ ဖြစ်လာတဲ့အခါ …
အရောင်ရောယှက် လှပတတ်သလို
ရှပ်တိုက်ပြေးတဲ့လေဟာလဲ
ကမ်းနဖူးထက် …
ခေတ္တခဏအေးမြစေနိုင်ပါတယ် … …
ဒါဟာ
သဘာဝပါ …။

ပြေးထွက်လိုက်ပါ …
ဘ၀အမောတွေကြားမှာ
မင်းစိတ်နှလုံးသား မွန်းကြပ်နေခဲ့ရင်
လယ်ကွင်းတွေကို ဖြတ်လို့
လတ်ဆတ်တဲ့လေကို ရှူရှိုက်လိုက်ပါ … …
တစ်ချို့ အရာတွေကို ရင်ထဲသိမ်းထားရတာ
ဖြေစရာမတွေ့ခိုက်မှာတော့
ဝေဒနာ တပွေ့တပိုက်ရှိတတ်ကြပါတယ် … …
ဒါဟာ
သဘာဝပါ …။

ရယ်မောလိုက်ပါ …
နှလုံးသားမှာလွမ်းဖျားဖျားနေလဲ
ကလေးတစ်ယောက်လိုသာ ရိုးသားလိုက်ပါ …
ပိုကောင်းလာမယ့် မနက်ဖြန်ဟာ
မင်းကို လက်ကမ်း
လျှောက်လှမ်းလာဖို့ ဖိတ်ခေါ်နေပါတယ် … …
ဒါဟာ
သဘာဝပါ …။

Adoration for you

Don’t love me deeply,
just love me sincerely.

If you demand the stars
I can’t promise to pull them near.

If you demand the moon
I haven’t power to get it soon.

If you demand the gems from the bottom of the ocean,
I won’t let them in your hand.

But one day
if you demand the adoration of love
I reckon …
to send the true color of heart.
Never ending
and ever lasting memory of love …
You can download it 24hr online … …
It might be always near for you in time.

မနက်ဖြန်များစွာ

သစ်ရွက်တို့ လှုပ်ခတ်
လေပြေတိုးသံ ခပ်သဲ့သဲ့နှင့်အတူ
အချိန်နှင့်အမျှ
ပြောင်းလဲတတ်သော ဘဝ
တစ်ခါတစ်ရံ အေးမြသလို
တစ်ခါတစ်ရံ ပူလောင်နေ …
မပျက်မကွက် ရွေ့ လျားသွားနေကြ နာရီလက်တံများမှာ
စိတ်ရဲ့ လိပ်ပြာ
လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား …။

ပန်းပွင့်တို့ ဝေ့၀ဲ
အဖျားခတ် မုတ်သုံတစ်ချက်နှင့်အတူ
အချိန်တိုတစ်ခုအတွင်းမှာ
တိုးတိတ်စွာ ဖွဖွနင်းလျှောက်
နှလုံးသားထဲ အသာအယာရောက်လာသောသူတစ်ယောက်
ရှင်သန်နေဆဲ ရင်ခုန်သံများအား
ဖြူစင်သော စိတ်နှလုံးဖြင့် နားဆင်ခွင့် ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ …
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား …။

လေနှင်တိုင်း ယိမ်းနွဲ့
ညနေခင်းရဲ့ အရိပ်နှင့်အတူ
ငါ့ရင်ထဲက ဆန္ဒမြစ်ကျဉ်း
စီးဆင်းခွင့်ရစဉ်အခိုက်အတန့် …
သူကမ်းလင့်သော ချစ်ခင်မြတ်နိုးခြင်းများ
ငါ နှစ်လိုမိသော သူတစ်ယောက် …
ထိုလက်ကို စိတ်ကူးမှာ မြဲမြံစွာကိုင်ထား
နွေးထွေးသော စက္ကန့်များအား
အပူအပင်ကင်းစွာ ပိုင်ဆိုင်ခွင့်ရနိုင်ရန်
ယခုပစ္စုပ္ပန်ဟာ
မနက်ဖြန်မှာ ရှိနိုင်ပါ့မလား....။

ဘ၀နှင့် ဆန္ဒ

ငါ ရှင်သန်နေထိုင်သောအခါ
တစ်ခုခု ချန်ရစ်နိုင်
အကောင်းဆုံး လုပ်နိုင်ရန်အတွက်
ဆန္ဒက အိပ်မက်တွေပေးတယ် …
ဘ၀က အန္တရာယ်တွေပေးတယ် …။

အရှုံး နဲ့ ရင်ဆိုင်ရလို့
မျှော်လင့်ချက်မဲ့တဲ့အခါ
အပြုံးမပျက် ရှေ့ ဆက်ရန်အတွက်
ဆန္ဒက သတ္တိတွေပေးတယ် …
ဘ၀က ငြီးငွေ့စေတယ် …။

ချစ်သူကို သတိရတဲ့အခါ
သူ့အကြောင်းတွေးစဉ် အခိုက်အတန့်
စိတ်ကူးတို့ မွှေးမြနိုင်ရန်အတွက်
ဆန္ဒက နှင်းဆီတွေပေးတယ် …
ဘ၀က ဆူးတွေပေးတယ် …။

ဘူတာရုံအဟောင်းလေးထဲ
ရထားတစ်စင်းဆိုက်ကပ် …
အဆုံးသတ်တစ်နေရာ …
ငြိမ်းချမ်းစွာ အနားယူမယ့် တနေ့နေ့ရောက်ခဲ့ရင်
ဘာဆန္ဒမှ မရှိနိုင်တော့ပြီပဲ …
ဆန္ဒကြောင့် စိတ်မဆင်းရဲရတော့သလို
ဘ၀ကလည်း ပူပင်စရာတွေ ဆက်မပေးနိုင်တော့ …။

ချစ်တဲ့သူနှစ်ဦး

အခုလို ၀ါဆိုဦး .. လပြည့်ဦးတဲ့ညမှာ
ကိုယ်ကလေ တစ်ပြေတစ်ရွာ
မေကလေ ရွှေပြည်မှာ
ပင်လယ်တွေ ကာဆီးထား ...
မိုင်ထောင်တွေ ဝေးကွာခြားပေမဲ့ ..
ကိုယ့်ကောင်းကင်မှာ သာနေတဲ့လမင်း
မေ့ကောင်းကင်မှာ .. ထိန်နေတဲ့ လမင်း
တူနှစ်ကိုယ် ... ပြိုင်တူငေးလို့
အပြုံးတွေလှိုင်လှိုင်ပွင့်လို့
ကိုယ့်အပြုံး .. မေ့အပြုံး
ကြည်နှုးမှု .. ဒီအပြုံးတွေ
လစန္ဒာသော်တာဝန်းမှာ
ခြွေဖူးတယ်လေ ...

ကြားဖူးတယ်လေ
လူတွေရဲ့ဆိုစကား
တစ်ပြေရွာ ဝေးကွာခြားရင်ဖြင့်
သွေခွာကာ စိမ်းကာ သွားတယ်တဲ့ ...
ဟုတ်ဖူးနော်လေ
ကိုယ်နဲ့ မေ ဘယ်လိုပေ ခွဲကာခြားနေပေမဲ့
စိတ်ချင်းတွေ နွယ်ယှက်ကာထားနေလေတော့
ကိုယ့်ပင့်သက် လေငွေ့ငွေ့တောင်မှ
မေ့ပါးပြင်နွေးကာသွားတယ်လို့
ခံစားတယ်လေ

ယုံကြည်တယ်လေ
အတူရှိပင် .. မရှိသော်ငြား
ကိုယ်ချစ်တာ .. မေသိထားလေတော့
ဆုံရဘိုဆိုတာ ဝေးကွာကာနေပေမဲ့
နှစ်ကိုယ်သစ္စာ တိုင်တည်ကာ မထားပေမဲ့
နေသာတဲ့ နေတစ်နေ့
တိမ်ပြာတဲ့ နေ့တစ်နေ့
ကိုယ့်ရင်ခွင် မေလေပြေးဝင်မဲ့
ပုံရိပ်တွေ မြင်ကာထားလေတော့
စိုးထိတ်စရာ မတွေးတော့ပါဘူး ...
မေတ္တာတွေခိုင်ခိုင်မြဲလေတော့
တစ်ချိန်မှာ ဆုံစည်းရမယ်လို့
တစ်သက်တာ ပျော်ရွှင်ရမယ်လို့
ယုံကြည်လို့ထား ...

composed by monarch

Memorial Time Once I Have …

Only you
Give me wisdom and knowledge….
Teach me what is good or bad … …
Show me the best way …
Guide me to be a good one being

Only you
Share my sadness or happiness….
Trouble or pleasure….
Tears or laughter…
Whenever u stay besides me…
I know the feelings of peaceful mind…

Only you
Raise me to build up my truth from false
Although u r not around me…
I can deeply feel the touch of ur hand…sense of encourage
That’s reality in my heart….

No matter what happen…
And no matter who are you…
I just wanna feel the way…the relation between U and Me…
Never Ending and…
Ever Lasting … …things we have
Will Be Save Forever… …!!

ရင်ထဲကစကားလုံးလေးများ